“ အမျိုးသမီးများဘဝလှပဖုုိ့ ကျား-မ ရေးရာ တန်းတူညီမျှမှုကုုိ အားပေးစုုိ့” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်

 

ဆော   မေ   ၂၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ဦးဆောင်မှုဖြင့် “ အမျိုးသမီးများဘဝလှပဖုုိ့ ကျား-မ ရေးရာ တန်းတူညီမျှမှုကုုိ အားပေးစုုိ့” ခေါင်းစဉ်ဖြင့် ကျား-မရေးရာ ကိစ္စရပ်များဆိုင်ရာ ဆွေးနွေးပွဲကို ဆောမြို့ ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် တုုိင်းဒေသကြီးလွှတ်တော်ကုုိယ်စားလှယ်၊ မြို့နယ်အထွေထွေအုုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ မြို့နယ်ဥပဒေအရာရှိနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ(၁၁)ခုတို့ ဦးဆောင်၍ “အမျိုးသမီးများဘဝလှပဖုုိ့ ကျား-မ ရေးရာ တန်းတူညီမျှမှုကုုိ အားပေးစုုိ့” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများနှင့် အမျိုးသမီးများ၏ ပညာရေး၊ လေ့ကျင့်သင်ကြားရေး၊ အသက်မွေးဝမ်းကျောင်း၊ ကျန်းမာရေး၊ စီးပွားရေး၊ ဆုုံးဖြတ်ချက်ချမှတ်ရေး စသည့် အမျိုးသမီးများ ဖွံ့ဖြိုးတုုိးတက်ရေးဆုုိင်ရာ နယ်ပယ်များကုုိ အပြန်အလှန်ဆွေးနွေးမေးမြန်းကာ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ တုုိင်းဒေသကြီးလွှတ်တော်ကုုိယ်စားလှယ်၊ မြို့နယ်အထွေထွေအုုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဥပဒေအရာရှိ၊ အခြားမြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတုုိးတက်ရေးဦးစီးဌာနမှ မြို့ နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများ၊ လူထုုဗဟုုိပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာ(၁၁၇)ရွာမှ အမျိုးသား(၆၆)ဦးနှင့် အမျိုးသမီး (၁၀၄) ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုးမိုးကျော်