လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လွိုင်ကော်.   မတ်  လ  (၂၆)ရက် 

ကယားပြည်နယ်လူထုဗဟိုပြုစီမံကိန်းရုံးခွဲ၏ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးခန်းမတွင် (၂၆.၃.၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် ပြည်နယ်စီမံကိန်းတာဝန်ခံမှ (၃)လပတ်အစည်းအဝေးတွင် ညွှန်ကြားချက်များအား ပြန်လည်ချပြရှင်းလင်းခြင်း၊ ပြည်နယ်စီမံကိန်းရုံးမှ ကဏ္ဍအလိုက် လိုအပ်သည်များဆွေးနွေးပြောကြားခြင်း၊ မြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးအသီးသီးမှလည်း စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား Power Point ဖြင့်ရှင်းလင်းခြင်း၊ Sub Project များ အချိန်မှီပြီးစီးနိုင်ရေး၊ အရည်အသွေးပြည့်မှီနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားကြရန် မှာကြားရင်း အစည်းအဝေး အောင်မြင်စွာပြီးမြှောက်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်စီမံကိန်းရုံးမှ တာဝန်ရှိသူများ၊ ဖရူဆိုမြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စီမံကိန်းတာဝန်ခံများတက်ရောက်ခဲ့ကြပါသည်။