ပြည်နယ်/ မြို့နယ် ကျားမရေးရာတာ၀န်ခံနှင့် ဘဏ္ဍာရေးတာ၀န်ခံများ စီမံကိန်းကျေးရွာသို့ ကွင်းဆင်းခြင်း 

 

၂၅.၁.၂၀၁၈ ( မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်)

             စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြု စီမံကိန်း မွန်ပြည်နယ် သထုံခရိုင်၊ ဘီးလင်းမြို့နယ် တတိယနှစ်စက်၀န်းအတွက် ပြည်နယ်/ မြို့နယ် ကျားမရေးရာတာ၀န်ခံနှင့် ဘဏ္ဍာရေး တာ၀န်ခံတို့သည် ဆင်အင်းကျေးရွာအုပ်စု၊ ဆင်အင်းကျေးရွာနှင့် ဆပ်သွားကျေးရွာသို့ ကျေးရွာကော်မတီ၀င်များနှင့်တွေ့ဆုံပြီး စီမံကိန်းတွင်ထည့်သွင်းဆောင်ရွက် နေသော  ကျားမရေးရာလိုအပ်ချက် (၆) ချက်နှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အကြောင်းအရာများကိုဆွေးနွေးခဲ့ပါသည်။

           အဆိုပါ ကျေးရွာ (၂)ရွာတွင် တတိယနှစ်စက်၀န်းအတွက် အကောင်အထည်ဖော်ဆောင်ရွက် နေသော ကွန်ကရစ်လမ်းများအား အမျိုးသမီးများ၏ ပူးပေါင်းပါ၀င်မှု  ဆောင်ရွက်နေမှု အခြေအနေကို  ကွင်းဆင်းကြည့်ရှူ့လေ့လာခဲ့ပါသည်။