မြို့နယ်စီမံကိန်းရေးဆွဲရာတွင် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များကို ထည့်သွင်းအကောင်အထည်ဖော်ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၊ လယ်ဝေး၊ ဖေဖော်ဝါရီ ၂၀ ရက်

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ၊ လယ်ဝေးမြို့နယ် လူထုဗဟိုပြုစီမံကိန်း မြို့နယ်စီမံကိန်းရေးဆွဲရာတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များကို ထည့်သွင်းအကောင်အထည်ဖော် ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေး နွေးပွဲအခမ်းအနားကို လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမ၌ (၂၀.၂.၂၀၁၉)ရက်နေ့ နံနက်(၉:၃၀) အချိန် တွင် ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် မှ အမှာစကားပြောကြားခြင်း ၊ မြို့နယ်စီမံကိန်းရေးဆွဲရေး နှင့်အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးကျော်​ကျော်တို့မှ အမှာစကားပြောကြားခြင်း၊ စုပေါင်းမှတ်တမ်း ဓါတ်ပုံ ရိုက်ကူးခြင်းတို့ဖြင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအားစတင်ဖွင့်လှစ်ခဲ့သည်။

  ဆက်လက်၍ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးမင်းသန့်မှ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် အကြိုဆွေးနွေးပွဲ(၂)ရက်မှ ရရှိလာသည့် အကြောင်းအရာများအား အနှစ်ချုပ်တင်ပြခြင်းများပြုလုပ်ခဲ့ပါသည်။ထို့နောက်တွင် လယ်ဝေးမြို့နယ်ဖွံ့ဖြိုးရေးအစီအစဉ်များ နှင့်ပတ်သက်၍ ကျေးရွာကော်မတီများမှ ကဏ္ဍအလိုက် ဆွေးနွေးထားသည့် ဆွေးနွေးချက်များအား ကျေးရွာကိုယ်စားလှယ်များမှရှင်းလင်းတင်ပြခဲ့ကြရာတွင်မြို့နယ်အဆင့်ဌာနဆိုင်ရာများမှသက်ဆိုင်ရာ ကဏ္ဍအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းကြရာတွင်တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

     အဆိုပါ အလုပ်ရုံဆွေနွေးပွဲအခမ်းအနားကို နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးဝင်းမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးနှင့် ဝန်ထမ်းများ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ ခရိုင် ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှဝန်ထမ်းများ ၊ လူထုဗဟိုပြု စီမံကိန်းဝန်ထမ်းများ၊NGO,INGOများ၊မီဒီယာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်စုစီထောက်ကော်မတီဝင်များ စုစုပေါင်း(၂၂၅)ဦးခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ(၄:၀၀)နာရီတွင်အောင်မြင်စွာရုတ်သိမ်းခဲ့သည်။