ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများတွေ့ဆုံ

ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်သည် (၁၁.၅.၂၀၁၈) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် တွန်းဇံမြို့သို့ ရောက်ရှိခဲ့ပြီး တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(DRD) ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်း(CDD)တွင် တွဲဘက်တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ(DRD Counterpart)၊ နည်းပညာအကြံပေးအဖွဲ့များ (TTA)၊ လူထုစည်းရုံးရေးမှူးများ (CFs)နှင့် လက်ထောက်နည်းပညာမှူးများ (TFs) နှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် တွေ့ဆုံခဲ့ပြီး၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများဆွေးနွေးခဲ့ရာ၊ တွန်းဇံမြို့နယ်စီမံကိန်းလုပ်ငန်းခွဲများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီသော လုပ်ငန်းဆောင်ရွက်မှုများဖြစ်ရေး အထူးကြိုးပမ်းဆောင်ရွက်ရန်နှင့် စီမံကိန်းဝန်ထမ်းများ ကွင်းဆင်းရာတွင် Safety ဖြစ်ရေး အထူးဂရုပြုကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ဆောက်လုပ်မည့် ရုံးမြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။