အကြည်ဝါးဘင်းကျေးရွာတွင် ရွာတွင်းလမ်းများ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေ

March 11, 2019

ထီးလင်းမြို့နယ် အကြည်ဝါးဘင်းးကျေးရွာအုပ်စု အကြည်ဝါးဘင်းကျေးရွာတွင် ကမာ္ဘ့ဘဏ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနတို့ပူးပေါင်းပြီး လူထုဗဟိုပြုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ တတိယနှစ်စီမံကိန်းစက်ဝန်းအတွက် ရွာတွင်းလမ်းများ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက စတင်ကောင်အထည်ဖော်ကြောင်း သတင်းရရှိသည်။

အဆိုပါကျေးရွာအတွင်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း စီမံကိန်းပံ့ပိုးငွေ (၂၂၁) သိန်း၊ ကျေးရွာလူထုလုပ်အားထည့်ဝင်ငွေ (၁၈) သိန်း၊ စုစုပေါင်းခန့်မှန်းကုန်ကျငွေ (၂၃၉)သိန်း ကုန်ကျမည်ဖြစ်ပြီး၊ လမ်းအရှည် (၁၄၂၃၃) ပေ၊ အကျယ် (၁၆) ပေ၊ အမြင့် (၆)လက်မ ရှိမည်ဖြစ်ကြောင်း သိရသည်။

မိုးတွင်းအချိန်ဆိုလျှင် ကျွန်တို့ ကျေးရွာတွင်းလမ်းများဟာ ရွှံ့့စေးမြေတွေ့ဖြစ်လို့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျောင်းသူကျောင်းသားတွေ သွားလာရအလွန်ခက်ပါတယ်။ ဆိုင်ကယ်နဲ့ ကားတွေမောင်းရတာလည်းမလွယ်ကူလို့ ခုလို ကျေးရွာတွင်းလမ်းပြုပြင်ဖို့ တစ်ရွာလုံးက ရွေးချယ်တောင်းဆိုခဲ့တာဖြစ်ကြောင်း ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဥက္ကဌ ဦးအောင်တင်က ပြောသည်။

အဆိုပါ မြေနိကျောက်စရစ်ခင်းခြင်းလုပ်ငန်းသည်၊ အိပ်ထောင်စု (၂၆၂ )စု၊ လူဦးရေ (၁၂၄၆) ဦးအား အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး စီမံကိန်းစက်ဝန်း ပထမနှစ်တွင် စာသင်ကျောင်းပြုခြင်းလုပ်ငန်းနှင့် ရေကျော်လမ်းကွန်ကရစ်ခင်းခြင်း၊ ဒုတိယနှစ်တွင် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားကြောင်းလည်းသိရှိရသည်။

စိုးမိုး(​ကျေးလက်)/ 09-256087268