ငပုတောမြို့နယ် အုပ်ရှစ်ကွင်းကျေးရွာ လူထုစစ်ဆေးပွဲကျင်းပ

 ငပုတော     မတ်လ ၁၃ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ငပုတောမြို့နယ် အုပ်ရှစ်ကွင်းအုပ်စု၊ အုပ်ရှစ်ကွင်းကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်း အရှည် ၆၂၇’ ပေ ၊ အကျယ် ၈ ပေ ၊ ထု ၆ လက်မ အား စီမံကိန်းပံ့ပိုးငွေ ၆,၅၀၀,၀၀၀ ကျပ်၊ ကျေးရွာလူထုထည့်ဝင်ငွေ ၁၂၀,၀၀၀ ကျပ်ဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စတင် အကောင်အထည် ဖော်ဆောင်ရွက်ရာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အောင်မြင်စွာ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

လူထုစစ်ဆေးပွဲကို ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့ ကျင်းပခဲ့ရာ အခမ်းအနားသို့ စီမံကိန်းမှ နယ်မြေခံဝန်ထမ်းများ၊ အုပ်စုစီထောက်များ၊ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလူဦးရေ ၈၀ ဦး ကျော်တက်ရောက်ခဲ့ကြပါသည်။ အုပ်ရှစ်ကွင်းကျေးရွာသည် အိမ်ထောင်စု ၁၂၀ ရှိပြီး၊ ကျေးရွာအတွက် အမှန် တကယ် အသုံးဝင်သော လမ်းလေးဖြစ်၍ ကျေးရွာလူထုအားလုံးမှ ဝမ်းသာဂုဏ်ယူနေကြပါသည်။