ကွမ်းခြံကုန်းမြို့နယ် ဇာတိမာန်ခန်းမတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုဂုဏ်ပြုခြင်းနှင့် ကျားမ တန်းတူညီမျှရေး အသိပညာပေးပြည်သူ့စကားဝိုင်းကျင်းပြုလုပ်ခြင်း

မတ်လ ၁၉ ရက်

မတ်လ ၈ ရက်နေ့မှာကျရောက်ခဲ့တဲ့ "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကိုဂုဏ်ပြုသောအားဖြင့်"

 

၁၉-၃-၂၀၁၉ ရက်နေ့ ကွမ်းခြံကုန်းမြို့နယ် ဇာတိမာန်ခန်းမတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းမှ အဖွင့်အမှာစကားပြောကြာပေးခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်မင်းမင်း မှ အမျိုးသမီးထုအတွက် အားပေး စကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒေါ်ဥမ္မာခိုင်မှ စီမံကိန်းတွင် အမျိုးသမီးများပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ရရှိရန် အခွင့်အလမ်းပေးခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်စန်းစန်းနွဲ့မှ အမျိုးသမီးများနေ့ ပေါ်ပေါက်လာခဲ့ပုံကို ရှင်းလင်းပြောကြားခဲ့ပြီး လူထုဗဟိုပြုစီမံကိန်းတွင် ပါဝင်ခွင့်ရခဲ့သော ကျေးရွာကိုယ်စားပြု အမျိုးသမီးများမှ အတွေ့အကြုံများကို မျှဝေရှင်းလင်းပြောကြားခဲ့ကြပါတယ်။

 

ဆက်လက်ပြီး "ကျား မ တန်းတူညီမျှရေး" အသိပညာပေးခြင်းဆိုင်ရာ ပြည်သူ့စကားဝိုင်းကို ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ စကားဝိုင်းတွင် မြို့နယ်ဥပဒေအရာရှိ ဦးညီညီဇံ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီမှ ဦးမြင့်ဦး၊ မြို့နယ်လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်စန်းစန်းနွဲ့၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်မိုးသီတာခိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဦးလှသူနှင့် တွံတေး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်လာကြသော လူထုဗဟိုပြုစီမံကိန်းကော်မတီဝင်များမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ ထို့နောက် ကွမ်းခြံကုန်းမြို့နယ်ကျေးလက်ဒေသဖွံံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းအေးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို နေ့လည်(၁၂ ၀၀) နာရီတွင် ပိတ်သိမ်းခဲ့ပါသည်။