ကမ္ဘာ့ဘဏ်မှ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းလေ့လာ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ဆီဆိုင်မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့်  ကမ္ဘာ့ဘဏ် တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စက်ဝန်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုကို ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများက ဇနန်ဝါရီ ၂၅ ရက်နေ့တွင် လူထုဗဟိုပြုစီမံကိန်းရုံးရှိ ဝန်ထမ်းများနှင့် အစည်းအဝေးပြုလုပ်ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေး နှင့် အကောင်အထည်ဖော်ရေး ကော်မတီ(TPIC) နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုနောက် လာဇလှူးကျေးရွာ၊ ကုန်းဆွတ်ကျေးရွာအုပ်စုတွင် ကျေးရွာ စီမံကိန်းအထောက် အကူပြုကော်မတီများ နှင့် ကျေးရွာသူ/သားများ တွေ့ဆုံဆွေးနွေးခဲ့ပြီး စီမံကိန်းလုပ်ငန်းခွဲများကို ကွင်းဆင်း လေ့လာခဲ့ပါသည်။ 



ဇန်နဝါရီ ၂၆ ရက်နေ့တွင် မွေတော်ကျေးရွာ၊ လွယ်ပွတ်အုပ်စု နှင့် ဟိုဟွေးကျေးရွာ ပါလောပါကယ် အုပ်စုတို့တွင် ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များ ကျေးရွာသူ/သားများ နှင့် တွေ့ဆုံပြီး ပထမနှစ် စက်ဝန်း တွင် စီမံကိန်း လုပ်ငန်း ဆောင်ရွက်ခဲ့သည်များ၊ အတွေ့အကြုံများ၊ အခက်အခဲများ၊ လိုအပ်သည်များကို ဆွေးနွေးမေးမြန်းခြင်းပြုလုပ်ပြီး စီမံကိန်း  လုပ်ငန်းခွဲ ဆောင်ရွက် ထားရှိမှုကိုကွင်းဆင်းကြည့့်ရှုလေ့လာခဲ့ပါသည်။

ကမ္ဘာ့ဘဏ်အဖွဲ့နှင့် လိုက်ပါသူများမှာ ဆီဆိုင်မြီု့နယ် ကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုက်ပါဆောင်ရွက်ခဲ့ပါသည်။