လူထုဗဟိုပြုစီမံကိန်း ပဥ္စမနှစ်စက်ဝန်း သုံးလပတ်အစည်းအဝေးကျင်းပ

၂၈-၆-၂၁၀၈ နေပြည်တော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ပဥ္စမနှစ်စက်ဝန်း သုံးလပတ်အစည်းအဝေး Quarterly Meeting အား(၂၈-၆-၂၀၁၈)ရက်နေ့၊နံနက်(၀၉းဝ၀)နာရီအချိန်တွင် နေပြည်တော်၊ မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေ၊တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ခံများမှ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြီး၊ စီမံကိန်းလုပ်ငန်းမှ ခေါင်းစဉ်ခွဲအလိုက် ဆောင်ရန်၊ရှောင်ရန်များအား အုပ်စုဖွဲ့ဆွေးနွေးတင်ပြခဲ့ကြပါသည်။