မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မင်းတပ်ခရိုင်ဦးစီးမှူးမှ ကွင်းဆင်းစစ်ဆေး

မင်းတပ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်သည် (၂၁.၃.၂၀၁၉)ရက်နေ့တွင် မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)မှ ကုလား ကျေးရွာ၊ ဝလံပီးကျေးရွာ၊ တွီရှစ်ကျေးရွာနှင့်ငလိုင်ကျေးရွာများသို့ စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ကုလားကျေးရွာတွင် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း(၈/ဝ)မိုင်ကို ဆောင်ရွက်မည်ဖြစ်ရာ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ခရိုင်ဦးစီးမှူးသည် ဝလံပီးကျေးရွာ မူကြိုကျောင်းဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် တွီရှစ်ကျေးရွာ အားကစားကွင်းဆောင်ရွက်ပြီးစီးမှုများကို စစ်ဆေးခဲ့ပြီး တွီရှစ်ကျေးရွာ အားကစားကွင်းကို ဆက်လက်ထိန်းသိမ်းရန်နှင့်ခဲတုံးများကို ဖယ်ရှားပြီး သဲခင်းရန်လမ်းညွှန်အကြံပြုခဲ့ပါသည်။

ထို့နောက် ငလိုင်ကျေးရွာ ခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်းအား စစ်ဆေးရာတွင် ကွန်ကရစ်အမျိုးအစားဖြစ်ပါသဖြင့် ကွန်ကရစ်ဖျော်စပ်ရာတွင် အချိုးအစားမှန်ကန်အောင်ဖော်စပ်ရန်နှင့် ခန်းမထိပ်ဦးခန်းတွင် ၁ပေ ၆လက်မခန့် အမြင့်ခင်းပြီး ဆောင်ရွက်သင့်ကြောင်းလမ်းညွှန်အကြံပြုခဲ့ပါသည်။