စီမံကိန်းလုပ်ငန်းခွဲများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ကနီမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စီမံကိန်းစက်ဝန်းအတွင်း သမင်ခြံကျေးရွာအုပ်စု၊ မင်းမကျေးရွာ စာသင်ကျောင်းဆောင်တည်ဆောက်ခြင်းလုပ်ငန်းအား စစ်ကိုင်းတိုင်းဒေသကြီး လူထုဗဟိုပြု စီမံကိန်းရုံးနှင့် ကနီမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ တာဝန်ရှိသူများနှင့်အတူ (၁၄.၁.၂၀၂၁) ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ကြပြီး သတ်မှတ်စံချိန်းစံညွှန်းများနှင့်အညီ ဆောင်ရွက်သွားရန်၊ အချိန်းမှီပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရေးနှင့် လိုအပ်သည်များပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြ ပါသည်။

အဆိုပါစာသင်ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းအား အတိုင်းအတာ (၉၀"x၃၀"x၁၂")၊ စီမံကိန်းထောက်ပံ့ရန်ပုံငွေ(၅၀.၈၈)ကျပ်သန်းဖြင့် ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ပထမနှစ်စီမံကိန်းစက်ဝန်းတွင်လည်း ကျေးရွာရေပေးဝေရေးလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။