Exchange Visit လာရောက်သူများနှင့် TPIC အဖွဲ့များ၊ စီမံကိန်းဝန်ထမ်းများတွေ့ဆုံ

ဒီးမော့ဆိုမြို့ သြဂုတ်လ (၁၄)ရက်

(၁၄.၈.၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ရမည်းသင်းမြို့နယ်မှ လူထုဗဟိုပြုစီမံကိန်းကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံပွဲကျင်းပခဲ့ ပါသည်။ တွေ့ဆုံပွဲရည်ရွယ်ချက်မှာ မြို့နယ်အချင်းချင်း အပြန်အလှန်လေ့လာသင်ယူနိုင်စေ ရန်ရည်ရွယ်ပါသည်။ ထိုအခမ်းအနား၌ ဒီးမော့ဆိုမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်းနှင့် TPIC (မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ)တို့၏ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို TPIC အတွင်းရေးမှူး ဦးသိန်းဇော်(စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး)မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး လူထုဗဟိုပြု စီမံကိန်း၊ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်ခင်နန်းမြင့်မှ ဒီးမော့ဆို မြို့နယ်၏ (၃)နှစ် အတွင်းဆောင်ရွက်ခဲ့မှုမှတ်တမ်းများ၊ အခက်အခဲစိန်ခေါ်မှုများနှင့် ဖြေရှင်း ဆောင်ရွက်ခဲ့မှုများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်မှ သုံးသပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ပါသည်။ ဆက်လက်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံကာ သိလိုသည်များမေးမြန်းခြင်းဖြင့် အပြန်အလှန်သင်ယူလေ့လာခဲ့ကြပါသည်။