ရွှေကျင်မြို့နယ်လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေး ကျင်းပပြလုပ်

 

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးအား ၂၀၁၉ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်၊ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးသိန်း၊ တိုင်းစီမံကိန်းတာဝန်ခံ၊ ရွှေကျင်မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ လူထုဗဟိုပြုစီမံကိန်းတာဝန်ရှိသူများ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၇၀)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးမှ အမှာစကားပြောကြားခြင်း၊ ဒုတိယညွှန်ကြားရေးမှူးမှ လူထုဗဟိုပြုစီမံကိန်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခြင်း၊ စီမံကိန်းနည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်မှ ရွှေကျင်မြို့နယ်အတွင်း စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာကြသော ဧည့်သည်တော်များမှ သိရှိလိုသည်များအား မေးမြန်းခြင်းနှင့် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်း၊ စီမံကိန်းကော်မတီဝင်များနှင့် ကျေးရွာကိုယ်စားလှယ်များမှ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည်တင်ပြခြင်း၊ မြို့နယ်စီမံကိန်းတာဝန်ခံမှ အကောင်းဆုံးကျေးရွာအုပ်စုနှင့် ကျေးရွာဆုရွေးချယ်မှုအစီအစဉ်နှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းပထမနှစ်စက်ဝန်းအတွင်း အကောင်းဆုံးဆောင်ရွက်ခဲ့သော ကျေးရွာအုပ်စု (၃)အုပ်စု၊ ကျေးရွာ (၃)ရွာအား ဆုပေးအပ်ခြင်းတို့အား အစီအစဉ်အလိုက် ဆောင်ရွက်ခဲ့ပြီး ညနေ (၃)နာရီတွင် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။