ရေတာရှည်မြို့နယ်၊ အင်းပက်လက်ကျေးရွာ စာသင်ကျောင်းဆောင်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆွာရေဘေးသင့်ကျေးရွာဖြစ်သော အင်းပက်လက်ကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော စာသင်ကျောင်း၊ (၂)ခန်းတွဲအိမ်သာနှင့် ခြံစည်းရိုးလုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားအား (၂၇.၃.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရေတာရှည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ညွန့်မှ စီမံကိန်းအကြောင်းအရာများနှင့် လုပ်ငန်းဆောင်ရွက်ပုံများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များမှ စာသင်ကျောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။