ကြံခင်းမြို့နယ်၊ ကလို့ကွင်းကျေးရွာအုပ်စု၊ ဘိလပ်မြေ (၁၁)ရပ်ကွက် ကျေးရွာများတွင် ကျားမရေးရာသင်တန်းပေးခြင်း

  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းလုပ်ငန်းတွင်အမျိုးသမီးများ၏စွမ်းဆောင် ရည်မြှင့်မားလာစေရန်နှင့် ပူးပေါင်းပါဝင်မှုအားကောင်းလာစေရန်  ကျား/ မရေးရာ သင်တန်း အား ကြံခင်းမြို့နယ်၊ ကလို့ကွင်းကျေးရွာအုပ်စု၊ ဘိလပ်မြေ (၁၁) ရပ်ကွက်ကျေးရွာနှင့် ပေတော ကွက်သစ်ကျေးရွာရှိ ကော်မတီဝင်များ ကျား (၁၈)ဦး၊ မ (၂၂)ဦးတို့အား (၁၈.၅.၂၀၁၉) ရက်နေ့ တွင် သင်တန်းပေးခဲ့ပါသည်။