ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရန်အတွက် ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များ ပြန်ကြားမျှဝေပေးခြင်း

မတ်လ ၁၅ ရက်

ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲ၏ (၃/၂၀၁၉)လစဉ်ပုံမှန်အစည်းအဝေးနှင့် VDP Workshop Feedback ပေးခြင်း ကို ယနေ့နံနက်(၁၀) နာရီအချိန်တွင် ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းလမ်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသင်တန်းကျောင်း မြေညီထပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လစဉ်အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ တာဝန်ရှိသူများ လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းမြို့နယ်(၄)မြို့နယ်မှ DDA/TTA အဖွဲ့မှ တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲ၏ တိုင်းဒေသကြီးစီမံကိန်းတာဝန်ခံ ဒေါ်ဥမ္မာခိုင်မှ အစည်းအဝေးပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်မိတ်ဆက်စကားပြောကြားပြီး VDP Workshop ဆောင်ရွက်ခဲ့ကြသော သက်ဆိုင်ရာမြို့နယ်များတာဝန်ခံများမှ အလုပ်ရုံဆွေးနွေးပွဲတွင် ကြုံတွေ့ခဲ့ရသော အားသာချက်၊ အားနည်းချက်နှင့် အခက်အခဲများ လိုအပ်သော အချက်အလက်များရယူဆောင်ရွက်ခဲ့ပုံများ ကျေးရွာများမှ တင်ပြလာသော စီမံချက်များကို ဌာနဆိုင်များနှင့် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် နောက်နှစ်များတွင် ဆောင်ရွက်မည့် VDP Workshop  များတွင် ထည့်သွင်းသွားရန် လိုအပ်သော အချက်များကို တိုင်းဒေသကြီးစီမံကိုန်းရုံးခွဲမှ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။