ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာ စာသင်ကျောင်းဆောင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဆွာချောင်းရေလှောင်တမံ ပြိုကျမှုကြောင့် ပျက်စီးသွားသော ဆီဆုံကုန်းကျေးရွာ စာသင်ကျောင်း (၄၀'x ၃၀' x၂၀')၊ ၄ခန်းတွဲအိမ်သာ (၂၀'x ၅' x၆')၊ ရေကန်(၇'x ၇' x၄') ဆောက်လုပ်ပြီးစီးသောကြောင့် ဖွင့်ပွဲအခမ်းအနားအား (၂၈.၂.၂၀၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်ပွဲအမှာစကားပြောကြားပြီး တောင်ငူခရိုင်ဦးစီးမှူးမှ စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ တောင်ငူခရိုင်ဦးစီးမှူးတို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိပါသည်။