မွန်ပြည်နယ်နှင့်မြို့နယ်အဖွဲ့ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းဆောင်ရွက်မှု များကွင်းဆင်းစစ်ဆေးခြင်း

 

၂၈.၁.၂၀၁၈(မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်)

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိသော ချောင်းဆုံမြို့နယ်လူထုဗဟိုပြုစီမံကိန်း ပထမနှစ်နှင့်ဒုတိယနှစ် စက်ဝန်းတွင် ဆောင်ရွက်ပြီးစီး ခဲ့သော ဆယ်ပလာကျေးရွာ၊ရေတွင်းကုန်းကျေးရွာ၊ တော်ပကောက်ကျေးရွာ၊ ဒရယ်ကျေးရွာ၊ တကူဟအွီးကျေးရွာ ၊မူစလင်စုကျေးရွာ ၊စော်ကဲကျေးရွာ၊ ဖံဖကျေးရွာ နှင့် ကမာမိုကျေးရွာများရှိ စီမံကိန်းလုပ်ငန်းခွဲများကို မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းတာဝန်ခံ(၂) ၊ Regional Infrastructure Assistant ၊ ချောင်းဆုံမြို့နယ် ကျေးလက်ဦးစီးဌာနမှ စီမံကိန်းအဖွဲ့ခေါင်းဆောင် ၊မြို့နယ်နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင်နှင့် စီမံကိန်းဝန်ထမ်းတို့က ကွင်းဆင်းပြီး အကြိုစစ်ဆေးမှုလုပ်ငန်းများ (၂၇.၁.၂၀၁၈)ရက်နေ့က ပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ ၄င်းအဖွဲ့သည် (၂၈.၁.၂၀၁၇)ရက်နေ့တွင် ဟင်္သာကျွန်းကျေးရွာ၊ မုရစ်ကလေးကျေးရွာ၊ ကော့ကဒိုက်ကျေးရွာ နှင့်ဘိုးနက်ကျေးရွာ များသို့လည်းကွင်းဆင်းပြီး အကြိုစစ်ဆေးမှု လုပ်ငန်းများ ပြုလုပ်ခဲ့ကြပါသည်။