ရွှေကျင်မြို့နယ်၊ကွင်းဆိပ်ကျေးရွာအုပ်စု၊ကွင်းဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းတွင် Information Campaign ကျင်းပပြုလုပ်ခြင်း

        စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအစည်း အဝေးနှင့် Information Campaign ပွဲအား မတ်လ(၅)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် ကွင်းဆိပ်ကျေးရွာအုပ်စု၊ ကွင်းဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ကျင်းပပြု လုပ်ခဲ့ကြောင်းသိရှိရပါသည်။

            အဆိုပါအခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာပြည့်ဖြိုးဝင်းမှ စီမံကိန်းနှင့်ပတ်သက်သည့်သတင်းအချက်အလက်များနှင့် နည်းပညာအစည်းအဝေးပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးကာ လက်ထောက်နည်းပညာမှူး ဦးစိုပြေအောင် မှ စီမံကိန်းလုပ်ငန်းဆောင်ရွက်ရမည့် လမ်းလုပ်ငန်း၏ design နှင့် estimate များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ထို့နောက် တတ်ရောက်လာသောပြည်သူလူထုများကို လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်မှု နှင့်ပတ်သက်၍ ထဲထဲ၀င်၀င် ပိုမိုသိရှိစေရန်အတွက် သတင်းဓါတ်ပုံပြခန်းဆောက်လုပ်ကာ စီမံကိန်းနှင့်ပတ်သက်သည့် ပိုစတာများ၊ ဗီနိုင်းများ၊ မှတ်တမ်းဓါတ်ပုံများအား ခင်းကျင်းပြသခဲ့ ကာ ဝင်ရောက်လေ့လာသူများအား မေးခွန်းများမေးမြန်း၍ ဖြေဆိုနိုင်သူများအား မေတ္တာလက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။