စုရပ်ဆောင်တည်ဆောက်ခြင်းလုပ်ငန်း၏ လုပ်ငန်းစဉ်နှင့် ရလဒ်အား လူထုစစ်ဆေးပွဲပြုလုပ်

 

 ထီးလင်း မေ -၁၆

          ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုှဗဟိုပြုစီမံကိန်းသည်။ တတိယနှစ် စီမံကိန်းစက်ဝန်းကို ဆောင်ရွက်လျှက်ရှိရာ အဆိုပါလုပ်ငန်းများအနက် အုံးနှောက်ကျေးရွာတွင် ဆောင်ရွက်လျှက်ရှိသော     အလျား(၅၄)ပေ၊ အနံ (၂၄) ပေ၊ အမြင့် (၁၂)ပေရှိ  သွပ်မိုးအုတ်ညှပ်ကျေးရွာစုရပ်ဆောင်မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးသဖြင့် လူထုစစ်ဆေးပွဲပြုလုပ်သွားကြောင်း  သတင်းရရှိပါသည်။

       ယင်းအခမ်းအနားကို အုံးနှောက်ကျေးရွာစုရပ်ဆောင်တွင် ယနေ့ နံနက် (၇)နာရီကကျင်းပပြုလုပ်ရာ   ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး၊   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းမှ လူထုစစ်ဆေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဥက္ကဌ ဦးထွေးမောင်မှ   အကောင်အထည် ဖော်ရေးနှင့်ရလဒ်ကိုလည်းကောင်း၊ စောင့်ကြည့်ကြီးကြပ်ရေး ဆိုင်ရာကိစ္စရပ်များအား ကော်မတီဝင်ဒေါ်နှင်းဦးက လည်းကောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးသုံးစွဲမှုကို ဘဏ္ဍာရေးအဖွဲ့မှ ဒေါ်သီတာဦးမှလည်းကောင်း၊ ဝယ်ယူရေးအကြောင်းကို ဝယ်ယူအဖွဲ့မှဦးကျော်ဆန်းမှ လည်းကောင်း၊ ဝေဖန်အကြံပြုနှင့် တိုင်ကြားဖြေရှင်းရေး အကြောင်းကို ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေး ကော်မီဝင် ဒေါ်ကြည်ကြည်မိုးမှ လည်းကောင်း၊လည်ပတ်ထိန်းသိမ်းရေးကို ဦးအောင်ဆန်းမှလည်းကောင်း၊ မဲပေးမည့် ပုံစံကို လက်ထောက်နည်းပညာမှူး ဒေါ်မြတ်စုမွန်မှလည်းကောင်း ရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ကျေးရွာလူထုနှင့်ကော်မတီတို့မှ လုပ်ငန်းစဉ်နှင့် ရလဒ်ကိုမဲပေးစစ်ဆေးရာ         

       စုရပ်ဆောင်တည်ဆောက်ခြင်း လုပ်ငန်း၏ လုပ်ငန်းစဉ်အား မဲပေးရာ၊ တက်ရောက်သူ (၁၂၃)ဦးမှ အလွန်ကျေနပ် (၁၀၄)မဲ၊ ကျေနပ် (၁၉)မဲ နှင့် မကျေနပ် (၀)မဲ၊    စုရပ်ဆောင်တည်ဆောက်ခြင်း လုပ်ငန်း၏  ရလဒ်ကို်မဲပေးရာတွင်၊ တက်ရောက်သူ (၁၂၃)ဦးမှ အလွန်ကျေနပ် (၁၀၁)မဲ၊ ကျေနပ် (၂၂)မဲ နှင့် မကျေနပ် (၀)မဲ၊ ရရှိပါသည်။

         အဆိုပါလူထုစစ်ဆေးပွဲသည် ထီးလင်းမြို့နယ်တွင်    ကျေးရွာပေါင်း (၉၃)ရွာရှိ လုပ်ငန်းခွဲပေါင်း (၁၁၃)ခုအနက် လူထုဗဟိုပြစီမံကိန်းတတိယနှစ် စက်ဝန်းအတွက် (၂၃)ကြိမ်မြောက်ပြလုပ်သော လူထုစစ်ဆေးပွဲဖြစ်ပြီး နေ့လည် (၁၂)နာရီ တွင်ပြီးဆုံးကြောင်း   သတင်းရရှိပါသည်။