ရွှေကျင်မြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာ လူထုစစ်ဆေးပွဲ ကျင်းပပြုလုပ်ခြင်း

 

          စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း လူထုစစ်ဆေးပွဲကို မတ်လ(၄)ရက် နေ့ နေ့လည်(၁၂)နာရီအချိန်တွင် ဆုံကုန်းကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

       အဆိုပါအခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်း၀င်းမှ အဖွင့်အမှာစကားပြော ကြားခဲ့ပြီး လူထုဗဟိုပြုစီမံကိန်းမှ လူထုစည်းရုံးရေးမှူး ဦးညီညီဇော်ဝင်းမှ လူထုစစ်ဆေးပွဲ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက်ကျေးရွာအထောက်အကူပြုကော်မတီ၀င်များမှ ၄င်းတို့တာ၀န်ယူလုပ်ဆောင်ခဲ့ သည့်ကျေးရွာတွင်းလမ်းများ ဂဝံမြေသားလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဝယ်ယူရေး၊ ဘဏ္ဍာရေး၊ စောင့်ကြည့်ကြီးကြပ်ရေး၊ လည်ပတ်ထိန်းသိမ်းရေးစ သည့် ကဏ္ဍတစ်ခုချင်းစီအားရှင်းလင်းဆွေးနွေးခဲ့ကြပြီး တတ်ရောက်လာသည့် ကျေးရွာလူထု များမှလည်း စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်နှင့် ရလဒ်များအပေါ် ဆန္ဒမဲပေးကြကာ စီမံကိန်းလုပ်ငန်းအပေါ် အကြံပြုချက်များ ထုတ်ဖော် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။