ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ သာပေါင်းမြို့နယ်ရှိ စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုခြင်း

မေလ (၃) ရက် ၊၂၀၁၉ (သာပေါင်း)

   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ဧရာဝတီတိုင်းဒေသကြီးမှ တိုင်းဒေသကြီး ဦးစီးမှူးဦးနေထက်ရှိန်တို့သည် (၃.၅.၂၀၁၉) ရက်နေ့တွင် သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော သဲဖြူကျေးရွာအုပ်စုရှိ သဲဖြူကျေးရွာနှင့် သံလျက်စွန်း ကျေးရွာ များသို့သွားရောက်၍ စီမံကိန်းလုပ်ငန်းခွဲများအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ စီမံကိန်း ကော်မတီဝင်များနှင့်လည်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များအား အကြံပြုဆွေးနွေး ပြောကြားခဲ့ပါသည်။