ရွှေကျင်မြို့နယ် ဒလဆိပ်ကျေးရွာအုပ်စု၊ လိန်ပင်ဝဲကျေးရွာ ကွန်ကရစ်ဘီးလမ်းဖွင့်ပွဲအခမ်းအနား

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရွှေကျင်မြို့နယ်လူထုဗဟိုပြုစီမံကိန်းဖြင့်ဆောင်ရွက်သော ဒလဆိပ်ကျေးရွာအုပ်စု၊ လိန်ပင်ဝဲကျေးရွာ ကွန်ကရစ်ဘီးလမ်း  (၂၇၂၀'x ၅'x၈”) ဖွင့်ပွဲအခမ်းအနားအား (၂၃.၆.၂၀၁၉)ရက်နေ့တွင်ကျင်းပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲတွင် ရွှေကျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စီမံကိန်းတာ၀န်ခံဒေါ်သန္တာဦးရွှေမှ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးပီမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စီမံကိန်းဆိုင်းဘုတ်အား အမွှေးနံ့သာပတ်ဖြန်းကာ လမ်းဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။