ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်းသဘောသပြုအုပ်စု၊ ကျုံတုံးကျေးရွာတွင် သတင်းပြန်ကြားဆက်သွယ်ရေးအခမ်းအနားကျင်းပ

  ဓနုဖြူ ၊ ဖေဖော်ဝါရီ (၂၆)

    ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဓနုဖြူမြို့နယ်၊ သဘော သပြု အုပ်စု၊ကျုံတုံးကျေးရွာတွင်  စီမံကိန်းအကြောင်း လူအများပိုမိုသိရှိစေရန် သတင်းပြန်ကြားဆက်သွယ်ရေးပြခန်းနှင့် ချစ်ကြည်ရေးဘောလုံးပွဲကို (၂၆.၂.၂၀၁၉) ရက်နေ့    နေ့လည် (၁:၃၀) တွင် ကျင်းပခဲ့ရာ  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၊ မြို့နယ်စည်ပင်ကော်မတီဝင် ဦးအောင်မိုးဇော် ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်နှင့် မြို့နယ်အကြံပေးခေါင်းဆောင်    ဦးမျိုးဆန်းတို့မှာ တက်ရောက်ချီးမြှင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ သတင်းပြန်ကြားဆက်သွယ်ရေးပြခန်းကို သဘောသပြုအုပ်စု၊ ကျုံတုံးကျေးရွာနှင့် အုပ်စုတွင်းရှိ ကျေးရွာ (၁၀) ရွာမှ ကျေးရွာသူ/ကျေးရွာသား (၂၀၀)ကျော် တက်ရောက်ခဲ့ပါသည်။ တက်ရောက် လာသူများမှလည်း မှတ်တမ်းဓာတ်ပုံပြခန်းလေ့လာခြင်း၊ စီမံကိန်းအကြောင်းအရာနှင့် ပတ်သက်သော မေးခွန်းများအားမေးမြန်း၊ ဖြေကြားခြင်းနှင့် လက်ဆောင်ပစ္စည်းများဆုချခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ချစ်ကြည်ရေးဘောလုံးပွဲကိုလည်း ကျေးရွာကော်မတီနှင့် စီမံကိန်းဝန်ထမ်း အမျိုးသား၊ အမျိုးသမီးအဖွဲ့များအားလုံးချစ်ကြည်ရင်းနှီးစွာ ကျင်းပဆောင်ရွက်ခဲ့ ပါသည်။