မိုးကောင်းမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) လမ်းဖွင့်ပွဲနှင့် လူထုစစ်ဆေးပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ၇.၃.၂၀၁၉

            ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)မှ ဆောင်ရွက်သည့် အင်ကြင်းကုန်းကျေးရွာ၏ လမ်းထိန်းနံရံပါသဲကျောက်လမ်းခင်းခြင်းနှင့် ရေပြွန်တံတားများ ဆောင်ရွက်ပြီးစီး၍ ဖွင့်ပွဲနှင့် လူထုစစ်ဆေးပွဲအခမ်းအနားကို မတ်လ ၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပဆောင်ရွက်ခဲ့ရာ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ လူထုဗဟိုပြုစီမံကိန်း Team Leader ဒေါ်အေးအေးလင်း၊ ပင်းဘောတိုက်နယ်ဆေးရုံအုပ် ဒေါက်တာကျော်မြင့်၊ အင်ကြင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးစိုးစိုးတို့မှ ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် လူထုစစ်ဆေးပွဲအခမ်းအနားတွင် အမှာစကားပြောကြားခဲ့သည်။

    အင်ကြင်းကုန်းကျေးရွာသည် (၁)ရွာ (၁)အုပ်စုဖြစ်ပြီး စီမံကိန်းရန်ပုံငွေကျပ်သိန်း(၃၅၀)ရရှိသည့် ကျေးရွာအုပ်စုဖြစ်သည်။ လမ်းထိန်းနံရံပါသဲကျောက်လမ်းခင်းခြင်း (၁၃၀၂၃)ပေနှင့် ရေပြွန်တံတား(၁၀)ခုအား ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ မတ်လ ၄ ရက်နေ့တွင် ပြီးစီးခဲ့ပြီး

စီမံကိန်းရန်ပုံငွေ             -          ၃၅၄၁၉၂၀၈ ကျပ်

လူထုထည့်ဝင်ငွေ           -              ၆၄၅၀၀၀ ကျပ်

စုစုပေါင်းကုန်ကျငွေကျပ် -          ၃၆၀၆၄၂၀၈ ကျပ်သိန်းဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။