ငပုတောမြို့နယ်တွင် Information Campaign ပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လူထု ဗဟိုပြု စီမံကိန်းက သတင်းပြန်ကြားဆက်သွယ်ရေးနှင့် Information Campaign ကို ၂၀၂၀ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နံနက် (၇)နာရီအချိန်မှ ၉ နာရီခွဲ အချိန်အထိ ငပုတောမြို့ရှိ မြို့မဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ Information campaign သို့ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွန်မှုး ဦးမောင်မောင်နိုင်၊ မြိုနယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးတင်ဦး၊ ငပုတောမြို့နယ် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှုး ဦးကျော်သူမင်း၊ ဒုတိယဦးစီးမှုးများ၊ လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပံ့ပိုး ကူညီပေးသော လူထုစည်းရုံးရေးမှုးများ နည်းပညာမှုးများ တက်ရောက်ကြပါသည်။

အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့သော အဆိုပါ Information Campaign သို့ ကျေးရွာလူထုများ၊ မြို့နေရပ်ကွက်များမှ ကျား၊ မ ကလေး စု‌စုပေါင်း ၃၀၀ ဦးခန့် လာရောက် ကြည့်ရှု့ကြပါသည်။

Covid19 ကူးစက်ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သော သိကောင်းစရာများ ဆောင်ရန် ရှောင်ရန် အချက်များအား သိရှိလိုက်နာစေရန် စုပေါင်း ကာကွယ်တားဆီးရန်အတွက် ဆောင်ရန် ရှောင်ရန် မေးခွန်းများမေးမြန်းပြီး၊ အဖြေမှန်သူများအား မေတ္တာလက်ဆောင်အဖြစ် လုံခြုံစိတ်ချရသော အသင့်ချုပ် maskများအား မေတ္တာလက်ဆောင်းအဖြစ် ပြန်လည် ချီးမြှင့်ပေးခဲ့ပါသည်။

သတင်း - ငပုတော (CDD)