ရွာချင်းဆက်လမ်းဖွင့်ပွဲအခမ်းအနားနှင့်လူထုစစ်ဆေးပွဲကျင်းပပြုလုပ်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ်စက်ဝန်းမှ ဆွောင်းပက်ကျေးရွာအုပ်စု၊ ခွမ်နွဲကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရွာချင်း ဆက်ကျောက်ရောမြေသားလမ်းဖွင့်ပွဲအခမ်းအနားနှင့်လူထုစစ်ဆေးပွဲကို (၃.၁၂.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးထန်ဇမန်၊ ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီဉက္ကဌ ဦးဇန်းခိုမန်နှင့် ဆယ်အိမ်မှူး ဦးဟုလ်ဆေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော လူထုစစ်ဆေးပွဲကို ဆက်လက်ကျင်းပခဲ့ကြပါသည်။

အဆိုပါရွာချင်းဆက်ကျောက်ရောမြေသားလမ်းလုပ်ငန်းသည် အတိုင်းအတာအားဖြင့် အရှည် (၇၁၀၀ပေ)၊ အကျယ် (၁၄ပေ)နှင့် ၉လက်မထု ရှိရာ၊ စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သိန်း(၁၄၀)ဖြင့် (၁၄.၈.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ရာ (၂၈.၁၁.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။