ရေတာရှည်မြို့နယ်၊ ဆွာရေးသင့်ကျေးရွာဖြစ်သော ကုန်းကြီးကျေးရွာတွင် Information Campaign ကျင်းပပြုလုပ်

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ဆွာရေဘေးသင့်ကျေးရွာဖြစ်သော ကုန်းကြီးကျေးရွာတွင် (၂.၄.၂၀၁၉)ရက်နေ့တွင် Information Campaign အား ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါအခမ်းအနားအား တောင်ငူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းဆရာ/မများများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာကောမတီဝင်များနှင့် ကျေးရွာလူထုများအားလုံး လာရောက်လေ့လာခဲ့ကြပါသည်။

ထို့နောက် တတ်ရောက်လာသောပြည်သူလူထုများကို လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်မှု နှင့်ပတ်သက်၍ ထဲထဲ၀င်၀င် ပိုမိုသိရှိစေရန်အတွက် သတင်းဓါတ်ပုံပြခန်းဆောက်လုပ်ကာ စီမံကိန်းနှင့်ပတ်သက်သည့် ပိုစတာများ၊ ဗီနိုင်းများ၊ မှတ်တမ်းဓါတ်ပုံများအား ခင်းကျင်းပြသခဲ့ ကာ ဝင်ရောက်လေ့လာသူများအား မေးခွန်းများမေးမြန်း၍ ဖြေဆိုနိုင်သူများအား မေတ္တာလက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။