အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  လူထုဗဟိုပြုစီမံကိန်း ၊၂၀၁၈ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို (၇-၁၂-၂၀၁၈) ရက်နေ့ တွင် ဘီးလင်းမြို့ ၊ အောင်ဇေယျခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အခမ်းအနား သို့ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၊ လူထုဗဟိုပြုစီမံကိန်းပြည်နယ်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မျိုးလွင်၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျေးရွာအမျိုးသမီး ကော်မတီဝင်များ တက်ရောက်ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ဦးအောင်ဝင်းနိုင်၊ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြား၍ ဘီးလင်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးမင်းထောစံ မှ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဒေါ်မိဝတ်ရည်မွန် မှ ယနေ့ အခမ်းအနားဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးထွန်းအောင်ကျော်မှ အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး မြို့နယ်တရားသူကြီး ဒေါ်ကေခိုင်မြင့်မှ အမျိုးသမီးများနှင့် ပတ်သက်သော အခွင့်အလမ်း၊ ဥပဒေများအား ရှင်းလင်းပြောကြား ပေးခဲ့ပါသည်။