ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမျိုးနိုင်အောင်မှ တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဝန်ထမ်းများ(ကျေးလက်နှင့်လူထုဗဟိုပြုစီမံကိန်း)နှင့်တွေ့ဆုံခြင်းနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်သည် ချင်းပြည်နယ်ကျေးလက်မှ ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်၊ ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးတင်ကိုထွဋ်၊ ဖလမ်းခရိုင်ကျေးလက်မှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာရှိန်နှင့် ရုံးချုပ်မှတာဝန်ရှိသူများလိုက်ပါလျက် (၅.၁၂.၂၀၁၈) ရက်နေ့တွင် တွန်းဇံမြို့နယ်သို့ရောက်ရှိကာ တွန်းဇံမြို့နယ်ကျေးလက်ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများနှင့် တွန်းဇံမြို့နယ်ကျေးလက်ရုံးတွင်တွေ့ဆုံခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း)မှ ခေါဘဲမ်းကျေးရွာအုပ်စု၊ တွီးခိန်ကျေးရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်(၁၀၃၉၆၀၀၀/-)နှင့်လူထုထည့်ဝင်ငွေကျပ်(၁၉၆၇၅၀၀/-)၊ စုစုပေါင်းကျပ်(၁၂၃)သိန်းကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော အလယ်တန်းကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လာမည့်နှစ်များတွင်လည်း ကျေးရွာလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်မှာကြားခဲ့ပါသည်။