လူထုစစ်ဆေးပွဲ ကျင်းပ

(၂၈.၅.၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းရွှေဒိုးအုပ်စု၊ နို့တော်ပလကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ သစ်သားတံတား ဖွင့်ပွဲအခမ်းအနားနှင့် လူထုစစ်ဆေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောမောင်လေဖိုးမှ အဖွင့်အမှာစကားပြောကြား ခဲ့သည်။

အဆိုပါ သစ်သားတံတားသည် အလျား ၂၈ပေ၊ အနံ ၁၀ပေ၊ အမြင့် ၈ပေ ရှည်လျားပြီး လူထုဗဟိုပြု စီမံကိန်းရံပုံငွေ ၆၀၀၀၀၀၀ ကျပ်ဖြင့် ဆောက်လုပ်ခဲ့သည်။

သစ်သားတံတားဆောက်လုပ်ခြင်းကြောင့် ကျေးရွာလူထုနှင့် တွေ့ဆုံမေးမြန်းရာတွင် သွားလာရေး၊ ပညာရေး၊ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဆင်ပြေကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သစ်သားတံတားနှင့် ပတ်သက်၍ ကျေးရွာလူထုမှ ကြေနပ်မှုရှိ၊ မရှိကို လူထုစစ်ဆေးပွဲ ဆောင်ရွက်ရာ ကြေနပ်မှုရှိကြောင်း သိရပါသည်။

အခမ်းအနားသို့ ကျေးရွာလူထု (၅၅) ဦး တက်ရောက်ကြောင်းသိရပါသည်။