လှိုင်းဘွဲ့မြို့နယ် မအဲကျေးရွာ လူထုဗဟိုပြု စီမံကိန်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်တဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းနဲ့ စက်ဝန်းနဲ့ ဆောင်ရွက်ခဲ့တဲ့ ကမော့လဲ မအဲ ကျေးရွာအုပ်စု မအဲကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦး‌စောအောင်မျိုးမြင့်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်တင်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လှိုင်းဘွဲမြို့နယ်ဥက္ကဌ ဦးချစ်တင်၊ စီမံကိန်းအထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးစောဝင်းကို၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိန်တင်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်း အရှည် ပေ ၂၀၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မ ထုခင်းခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ကျပ် ၂၄၇ သိန်း၊ ကျေးရွာလူထု ထည့်ဝင်ငွေကျပ် ၄၅ ဒဿမ ၆၈၄ သိန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာ ပံ့ပိုးမှု၊ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေ၏ အနီးကပ် ကြီးကြပ်မှုနှင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၊ လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စတင်ခဲ့ပြီး၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြီးစီးခဲ့ရာ မအဲ​ကျေးရွာ၊ ​မာလာယုမြိုင်ကျေးရွာ၊ သစ္စာ​အေးမြိုင်ကျေးရွာများမှ အိမ်​ထောင်စု ၃၉၆ စု၊ လူဦး​ရေ ၄၂၆၇ ဦးအား တိုက်ရိုက် အကျိုးပြုမည်ဖြစ်သည်။