ပူတာအိုမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) အတွက် မြေပြင်အမှန်ကျေးရွာနှင့် လူဦးရေ တိုးတက်ပြောင်းလဲမှုများအား အတည်ပြုနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ၁၅.၃.၂၀၁၉

     ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာ၊ လူဦးရေတိုးတက်ပြောင်းလဲမှုများအား အတည်ပြုနိုင်ရေးအတွက် ကချင်ပြည်နယ်လူထုဗဟိုပြုစီမံကိန်း(ရုံးခွဲ)မှ စီမံကိန်းဒုတိယတာဝန်ခံ ဒေါ်ခင်မေညွန့်(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် Infra; တာဝန်ခံ ဒေါ်နန်ဘောက်ထွယ်(အငယ်တန်းအင်/ယာ-၂)တို့သည် (၁၄.၃.၂၀၁၉)ရက်နေ့၌ မန်စေခွန်ကျေးရွာအုပ်စု၊ မန်စေကျေးရွာအုပ်စုနှင့် မကပ်မုံကျေးရွာအုပ်စုတို့အား လည်းကောင်း၊ (၁၅.၃.၂၀၁၉)ရက်နေ့၌ လုံရှာယာန်ကျေးရွာအုပ်စုနှင့် ပမ္မတီးကျေးရွာအုပ်စုတို့အားလည်းကောင်း၊ စုစုပေါင်း ကျေးရွာအုပ်စု(၅)အုပ်စုအား မြေပြင်အမှန်ကျေးရွာနှင့် လူဦးရေတိုးတက်ပြောင်းလဲမှုများအား  ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအတည်ပြုခဲ့ပါသည်။