လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ သင်တန်းသားများ ကွင်းဆင်းလေ့လာ

မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီးဖွင့်လှစ်သည့် Training on Gravity Flow and Pipe Network သင်တန်းမှသင်တန်းသားများသည် သြဂုတ်၃ရက်နံနက်၁၁နာရီမိနစ်၃၀က မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ထန်းဂွတောင်ကျေးရွာသို့ ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာနွားထိုးကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်အေးအေးသိန်းက အမှာစကားပြောကြားပြီး ထန်းဂွတောင်ကျေးရွာ ရေပေးရေးကော်မတီဝင် ဦးနိုင်ဝင်းက ကျေးရွာအတွင်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့်စီမံကိန်းလုပ်ငန်းများ ၏တွေ့ကြုံရသည့်အခက်အခဲ၊အားနည်းချက်၊အားသာချက်များကို လာရောက်လေ့လာကြသော သင်တန်းသား၊သင်တန်းသူများကို ရှင်းလင်းပြောပြသည်။

ထို့နောက်လူထုဗဟိုပြုစီမံကိန်း ဒုတိယစက်ဝန်းပံ့ပိုးငွေဖြင့်ရေသန့်စက်တည်ဆောက်ပြီးစီးမှုနှင့် ရေပိုက်လိုင်း၊ရေမီတာစနစ်ဖြင့်အိမ်တိုင်ရာရောက် ရေသွယ်ယူထားမှုအခြေအနေတို့ကို လိုက်လံရှင်းလင်းပြသပြီး သင်တန်းသား၊သင်တန်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရသည်။

                                                          မင်းမြင့်မိုရ်(ငါန်းဇွန်)