ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာဖွံ့ဖြိုးရေးအကောင်အထည် ဖော်ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

   ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကြံခင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာဖွံ့ဖြိုးရေးအကောင်အထည်ဖော်ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို  (၂၉.၈.၂၀၁၈) နှင့် (၃၀.၈.၂၀၁၈) ရက်နေ့ ၊ နံနက် (၉)နာရီ၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးသန်းမှ အဖွင့်အမှာစကားပြောကြား၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်မှ မိတ်ဆက်စကားပြောကြားခြင်း၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မီမီခိုင်မှ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြ၍   မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စုကော်မတီများတက် ရောက်ခဲ့ပါသည်။