ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ထီးသော်တနီးကူးကျေးရွာ၌ တောင်ယာမြေသား လမ်းတိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းဖွင့်ပွဲကျင်းပ

 

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ထီးသော်တနီးကူးကျေးရွာ၌ (၃၁.၁.၂၀၁၈)ရက်နေ့တွင် တောင်ယာမြေသားလမ်းတိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းဖွင့်ပွဲကျင်းပပြု လုပ်ခဲ့ရာ အခမ်းအနားတွင် လူထုဗဟိုပြုစီမံကိန်းပြခန်းအား ဖွင့်လှစ်ပြသပေးခဲ့ပြီး စီမံကိန်း သတင်းအချက်အလက်များအား မျှဝေပေးခဲ့ပါသည်။ စီမံကိန်းပြခန်းတွင် ထီးသော်တနီးကူး ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးပွဲများ၊ စီမံကိန်းလုပ်ငန်းရွေးချယ်ပွဲများ၊ လုပ်ငန်းဆောင်ရွက်စဉ်နှင့်ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းဓါတ်ပုံများအား ပြသပေးခဲ့ကာ စီမံကိန်း၏ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များကို သိရှိနားလည်သဘောပေါက်လာစေရန် ရည်ရွယ်၍ဉာဏ်စမ်းမေးခွန်းများမေးမြန်းပြီးအဖြေမှန်သူများအား စီမံကိန်းလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။