မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ် ဆင်စွယ်ကျေးရွာတွင်၌ Communication Campign ကျင်းပပြုလုပ်

29th,August,2018

မကွေးတိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ထီးလင်းမြို့နယ်၊ ဆင်စွယ်ကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာ၊ စုရပ်ဆောင်တွင် လူထုဗဟိုပြုစီမံကိန်းမှ လူထုဗဟိုပြုစီမံကိန်းဆိုင်ရာ သတင်းပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓါတ်ပုံပြပွဲကို ယနေ့ နေ့လည် (၁၂) နာရီက ကျင်းပ ပြုလုပ်သွားကြောင်း သတင်းရရှိသည်။

အဆိုပါသတင်းပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓါတ်ပုံပြပွဲကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်ဆွေမှ အဖွင့်အမှာစကားပြောကြားပြီး၊ လူထုဗဟိုပြုစီမံကိန်း၊ မြို့နယ်နည်းပညာ အကြံပေးအဖွဲ့မှ သတင်းပြန်ကြားဆက်သွယ်ရေးတာဝန်ခံ ဦးကျော်ဇေယျမှ တက်ရောက်လာသော ကျေးရွာ (၈)ရွာမှ လူထုဗဟိုပြုကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများအား ပြပွဲလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ ကျေးရွာအသီးသီး၏ စီမံကိန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ ဗွီနိုင်းပိုစတာများ၊ စီမံကိန်းဆိုင်ရာ စာဆောင်နှင့် စာအုပ်များကိုလေ့လာဖတ်ရှုပြီး အုပ်စုများဖွဲ့ကာ ကော်မတီအသီးသီး၏ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို ဆွေးနွေး ရှင်းလင်းတင်ပြကြပြီး၊ စီမံကိန်းဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများကို ကျေးရွာအလိုက် ယှဉ်ပြိုင်ပွဲများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

လူထုဗဟိုပြုစီမံကိန်းဆိုင်ရာ သတင်းပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓါတ်ပုံပြပွဲကို ယနေ့ညနေ (၅)နာရီ (၃၀)မိနစ်တွင် ပြီးဆုံးကြောင်းသိရရှိရသည်။