ဒုတိယဝန်ကြီး ဦးလှကျော်နှင့်အဖွဲ့ ဓနုဖြူမြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအား ကွင်းဆင်းကြည့်ရှု

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း ကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဒုတိယနှစ်စက်ဝန်း အကောင်အထည်ဖော်လျက် ရှိရာ  အလမျိုးကျေးရွာအုပ်စု၊ အလမျိုးကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် တာဝန်ရှိသူများက ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုခဲ့ရာတွင် ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူများက ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊  ဧရာဝတီတိုင်း ဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်နှင့် တာဝန်ရှိသူများက ဓနုဖြူမြို့နယ် အလမျိုးကျေးရွာ ကျေးရွာတွင်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လူထုဗဟိုပြု စီမံကိန်း ကျေးရွာ ကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကာ လမ်းရေရှည်တည်တံ့ ခိုင်မြဲအောင် လည်ပတ် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားပါသည်။

အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းမှာ အရှည် ၁၁၆၅ ပေ၊ အကျယ် ၁၀ ပေနှင့် အမြင့် ထု လက်မ ရှိပြီး၊ လမ်း ရေကျော် Box Culvert တစ်စင်း ပါဝင်ပြီး၊ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် (၂၂၆.၁၂၇၆၃) သိန်းနှင့် ကျေးရွာလူထုထည့်ဝင်ငွေ ကျပ် သိန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ လူထုဗဟိုပြု စီမံကိန်းဝန်ထမ်းများ၏ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဓနုဖြူ မြို့နယ် (ကျေးလက်)