မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သော ကြပ်ဝကျေးရွာကြိုးတံတား ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဦးစီးမှူး တက်ရောက်ဖွင့်လှစ်

၂၉ စက်တင်ဘာလ ၂၀၁၈

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မင်းတုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကြပ်ဝကျေးရွာ ကြိုးတံတား ဖွင့်ပွဲအား မင်းတုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးရွာ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံမှ ကြိုးတံတား တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ရှင်းလင်းတင်ပြပြီး၊ ကျေးရွာဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကြပ်ဝကျေးရွာ ကြိုးတံတားအရှည်ပေ(၁၆၀’)၊ အကျယ်ပေ(၆’)ချဉ်းကပ်တံတားပေ(၉၇’)၊ စီမံကိန်းထောက်ပံ့ငွေ (၂၂၂.၅၅)သိန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ(၄၇.၅၂)သိန်းဖြင့် ဆောင်ရွက်ခဲ့ပါတယ်.. ဆက်လက်၍ ကြိုးတံတားဖွင့်ပွဲ မုဒ်ဦးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ကျေးလက်ဦးစီးမှူး၊ မင်းတုန်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ ပြီး တာဝန်ရှိသူများက လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းတွင် ဆောင်ရွက်ခဲ့သော ကျေးရွာမီးလင်းရေးနှင့် လုပ်ငန်းအသုံးစရိတ်ရှင်းတမ်း ကြော်ငြာဆိုင်းဘုတ်တို့အား ကြည့်ရှု့ခဲ့ကြောင့် သိရှိရပါသည်။

စိုးမိုး(မကွေး)