မိုးကောင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ ဗန်းမောက်မြို့နယ်လူထုဗဟိုပြုစီမံကိန်းသို့ လေ့လာရေးခရီးသွားရောက်ခြင်း

ကချင်ပြည်နယ်၊ ၁၅.၃.၂၀၁၉

      ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)မှ ဗန်းမောက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)သို့ (၁၁.၃.၂၀၁၉)ရက်နေ့တွင်  ကချင်ပြည်နယ်မှ သတင်းပြန်ကြားဆက်သွယ်ရေးတာဝန်ခံ ဒေါ်နန္ဒာဝင်း၊ မိုးကောင်းမြို့နယ်မှ CSAG DRD Counter part ဦးဇော်ဝင်ထွဋ်တို့မှ ဦးဆောင်၍  လက်ထောက်စည်းရုံးရေးမှူး(၂၀)ဦးနှင့် လက်ထောက်နည်းပညာမှူး(၁၁)ဦး၊ စုစုပေါင်း(၃၃)ဦးတို့သည်  လေ့လာရေးခရီးစဉ်စတင်ထွက်ခွာခဲ့ရာ ညနေ(၄)နာရီအချိန်တွင် ဗန်းမောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး အပြန်အလှန်မိတ်ဆက်ခြင်းနှင့် လေ့လာရေးခရီးလာရောက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

       ထို့နောက်(၁၂.၃.၂၀၁၉) ရက်နေ့တွင် ဗန်းမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ TPIC အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။(၁၃.၃.၂၀၁၉) ရက်နေ့တွင် အဖွဲ့(၁)မှ အင်းပေါက်ကျေးရွာအုပ်စု၊ လေသာကုန်းကျေးရွာနှင့် ကလပ်ကျေးရွာသို့ လည်းကောင်း၊ အဖွဲ့(၂)မှ လုံးကင်းရွှေကျောင်းအုပ်စု၊ တုံးမွန်းကျေးရွာနှင့် ကန်တော်ကျေးရွာအုပ်စု၊ တောင်လွဲကျေးရွာသို့လည်းကောင်း၊ (၁၄.၃.၂၀၁၉)ရက်နေ့တွင်  အဖွဲ့(၁)မှ ကနန်းရွှေကျောင်းကျေးရွာအုပ်စု၊ ပေတာကျေးရွာနှင့် ရွှေကျောင်းကျေးရွာသို့လည်းကောင်း၊ အဖွဲ့(၂)မှ စီကထောင်ကျေးရွာအုပ်စု၊ သင်္ကန်းတာကျေးရွာနှင့် ပါသက်+နားခိုလုံကျေးရွာသို့ လည်းကောင်း စီမံကိန်းလုပ်ငန်းခွဲများအား သွားရောက်လေ့လာခဲ့ကြပြီး ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံ၍ သိလိုသည်များ ဆွေးနွေးခဲ့ကြပါသည်။ (၁၅.၃.၂၀၁၉)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ဗန်းမောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ လေ့လာတွေ့ရှိချက်များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နံနက်(၁၀)နာရီအချိန်တွင် မိုးကောင်းမြို့နယ်သို့ ခရီးစဉ်ပြန်လည်ထွက်ခွာခဲ့ကြပါသည်။