မကွေးတိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်း လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

၂၉.၈.၂၀၁၈

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၂၉)ရက်နေ့ နေ့လည်ပိုင်းက မကွေးတိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ ၌ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့် အတူ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော မြို့နယ်များမှ စီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုများ၊ ဝန်ထမ်းလိုအပ်ချက်များ၊ အခက်အခဲနှင့် စိန်ခေါ်မှုများ စီမံကိန်းအချက်အလက်များ၊ နောက်နှစ်စက်ဝန်းအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် လုပ်ဆောင်မှုများကိုဆွေးနွေးတင်ပြခဲ့ကြပါတယ်……ဆက်လက်၍မကွေးတိုင်း ဒေသကြီး လူထုဗဟိုပြုစီမံကိန်းတာဝန်ခံမှ စီမံကိန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဖြည့်စွက်မှာ ကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ အနှစ်ချုပ်ပြောကြားခဲ့ပါတယ်……..