ပျော်ဘွယ်မြို့နယ် ဝန်ထမ်းများအား Covid-19 ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး နှာခေါင်းစည်းတွေနဲ့ လက်သန့်ဆေးရည်တွေ ပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Covid-19 ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အတွက် ပြည်သူလူထုကို အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းတွေနဲ့ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေ အတွက် ထောက်ပံ့ပေးအပ်တဲ့ နှာခေါင်းစည်းတွေနဲ့ လက်သန့်ဆေးရည်တွေ ပေးအပ်ပွဲကို ဧပြီလ ၂၈ ရက်နေ့ မနက် ၁၀ နာရီက အဲဒီရုံး အစည်းအဝေးခန်းမမှာ ကျင်းပတယ်လို့ သိရပါတယ်။

ရှေးဦးစွာ ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သီတာဝင်းစံက Covid-19 ရောဂါ နဲ့ ပတ်သတ်ပြီးတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားတဲ့ ဒေသန္တရအမိန့်တွေနဲ့ ဦးစီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက် တွေကို တိကျစွာ လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်ကြောင်းကို ဆွေးနွေးပြောကြားပါတယ်။

အဲနောက်မှာတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ထောက်ပံ့ တဲ့ Surgical Mask တွေ လက်သန့် ဆေးရည်တွေနဲ့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်း ဆင်း သင်တန်းသူတွေက ချုပ်ပေးတဲ့ အဝတ်နှာခေါင်းစည်း Mask တွေ ကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်း ၂၃ ဦးနဲ့ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်း ၇၂ ဦး၊ စုစုပေါင်း ဝန်ထမ်း ၉၅ ဦးတို့ကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း- ဖြိုးထက်အောင် (ပျော်ဘွယ်)

#DRD, #MOALI, #NCDDP