ပေါက်မြို့နယ် စီမံကိန်း လုပ်ငန်းခွဲတွေကို ကွင်းဆင်းစစ်ဆေး

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ် ချေးငွေနဲ့ လူထု ဗဟိုပြု စီမံကိန်းကို စီမံကိန်း ပထမနှစ်အဖြစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကနေ စတင်ပြီးတော့ ပေါက်မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

 

၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ပေါက်မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာ အုပ်စု ၅၈ အုပ်စုက ကျေးရွာတွေကို မေလ ၂၆ ရက်နေ့ မနက်ပိုင်းက စတင်ပြီးတော့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို စတင် ကွင်းဆင်း စစ်ဆေးရာမှာ ပေါက်မြို့နယ် မြို့နယ် စာရင်းစစ်အဖွဲ့မှ ဒေါ်လဲ့လဲ့နဲ့ ဝန်ထမ်းတွေ မြို့ကျေးလက်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး၊ ဒေါ်အေးအေးသန်းနဲ့ ဝန်ထမ်းတွေ မြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ အဖွဲ့ ခေါင်းဆောင် ဦးသိန်းဇော်တို့နှင့်အတူ မျှားပိုင်းကျေးရွာ အုပ်စု လေးသင့်အိုင် ကျေးရွာ ရွာတွင်းလမ်း ဆောင်ရွက် ထားရှိမှု၊ အင်တောအုပ်စု၊ အင်တော တောင်စု ကျေးရွာ ကျေးရွာတွင်း လမ်းပြုပြင်တာ ငမုကြီးအုပ်စု ငမုကြီး ကျေးရွာ ကျေးရွာတွင်းလမ်း ပြုပြင်တာ နံသာ အုပ်စု တံတားဦး ကျေးရွာ ရေကာတာ ဆောင်ရွက် ထားရှိမှုတွေကို ကျေးရွာ ကော်မတီဝင်တွေ စီမံကိန်း ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီးတော့ စီမံကိန်း လုပ်ငန်းစဉ်တွေ မှတ်တမ်းတွေ စာရင်းဇယားတွေ စီမံကိန်း လက်စွဲနဲ့ အညီ ဆောင်ရွက်ထားရှိမှု ရှိမရှိ၊ တွေ့ဆုံ မေးမြန်းပြီး မြေပြင် အခြေအနေ RE တွက်ချက်ထားရှိမှုတွေ ကိုက်ညီမှု ရှိမရှိကို ကွင်းဆင်း တိုင်းတာ စစ်ဆေးခဲ့ပါတယ်။

 

ဆက်လက်ပြီးတော့ အဲဒီ စာရင်းစစ် အဖွဲ့ဟာ စီမံကိန်းဝင် ကျေးရွာ ၈ ရွာကို ဆက်လက်ကွင်းဆင်း တိုင်းတာ စစ်ဆေးခဲ့ပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank