ကျေးရွာလူထု စောင့်ကြည့် ကြီးကြပ်ခြင်း သင်တန်း မိုင်းခတ်မြို့နယ်တွင် ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက

 

ဦးဆောင်အကောင်အထည်ဖော်လျက် ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း(ဒုတိယနှစ်စက်ဝန်း) ကျေးရွာလူထု စောင့်ကြည့် ကြီးကြပ်ခြင်း သင်တန်းကို

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ မိုင်းခတ်မြို့နယ် လူထုဗဟိုပြု စီမံကိန်းရုံးမှာ ကျင်းပခဲ့ပါတယ်။ ဒီသင်တန်းကို ကျေးရွာ ၅ ရွာက ဟာခါ

လူမျိုး ကျေးရွာ စောင့်ကြည့်ကြီးကြပ်ရေး ကော်မတီက ၁၁ ဦး တက်ရောက်ခဲ့ပါတယ်။ သင်တန်းမှာ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး

တိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြု စီမံကိန်း စောင့်ကြည့် ကြီးကြပ်ရေး တာဝန်ခံ ဦးဖြိုးသီဟက သင်တန်းကို ပို့ချပေးခဲ့ပြီး၊ လူထုစည်းရုံးရေးမှုး

ဦးအောင်မင်းမင်းက ဟာခါဘာသာစကားနဲ့ ပြန်လည် ရှင်းလင်း ပြောကြားခဲ့ပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank