ညွှန်ကြားရေးမှူးချုပ်မှကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

 

မွန်ပြည်နယ်၊(၁၇.၈.၂၀၁၈)

        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်ဦးဆောင်၍ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးဦးဝင်းနိုင် (ဒု-ညွှန်ကြားရေးမှူး(နည်းပညာ))၊ ပြည်နယ်စီမံကိန်းတာဝန်ခံများ၊ သထုံခရိုင် ဦးစီးမှူးနှင့်အဖွဲ့သည်(၁၇.၈.၂၀၁၈)ရက်နေ့တွင် ပေါင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ အားဆွေးနွေးကာ လိုအပ်သည်များ အကြံပြုမှာကြားခဲ့ပါသည်။ ထို့နောက်ပေါင်မြို့နယ် ရင်းငြိမ်ကျေးရွာ အုပ်စု၊ကုလားချောင်ကျေးရွာ လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွဲများဖြစ်သော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (1815’x 12’x 6’)၊ စာသင်ကျောင်း ဆောက် လုပ်ခြင်းလုပ်ငန်း(50’x 25’x 12’)များအား ကွင်းဆင်းကြည့်ရှုကာ ကော်မတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စု၊ ဇုတ်သုတ်ရွာကြီး မူလွန်နှစ်ထပ်ကျောင်းဆောင် တည်ဆောက်ခြင်း(110’x 30’ x 22’)(83%)၊ အလူးကျေးရွာအုပ်စု၊အလူးအနောက်ရွာလေး၊ အထကကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း(80’x 30’x 12’) စီမံကိန်းလုပ်ငန်းခွဲများအား ကွင်းဆင်း ကြည့်ရှု၍ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။