အင်္ဂပူမြို့နယ်တွင် စည်းရုံးရေးမှူးများအား TOF-2 သင်တန်းပေးခြင်းအခမ်းနား

   

  အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) စည်းရုံးရေးမှူးများ TOF-2 သင်တန်း‌ေ ပးြခင်းအခမ်းအနားကို (၁၉-၁၁-၂၀၁၉) ရက်နေ့တွင် နံနက် (၉:၀၀) နာရီ အချိန်တွင် အင်္ဂပူမြို့နယ်မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ဌာနဆိုင်ရာများ နှင့် လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ စုစုပေါင်းလူဦးရေ (၁၅၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစိုးသီဟ (ဒုမြို့နယ် အုပ်ချုပ်ရေးမှူး)မှ အဖွင့်အမှာ စကား ပြောကြားခြင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌဦးစိုးရွှေမှ အမှာစကားပြောကြားခြင်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးမှ နိဂုံးချုပ်အမှာစကားပြောကြား ခြင်းများ ဆောင်ရွက်၍ ဖွင့်ပွဲအခမ်းအနားကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ သင်တန်းကို လူထုစည်းရုံးရေးမှူးနှင့်လက်ထောက်နည်းပညာမှူး (၁၂၆)ဦး တို့အား (၁၉-၁၁-၂၀၁၉)ရက်နေ့မှ(၂၀-၁၁-၂၀၁၉)ရက်နေ့ထိ (၂)ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ပါသည်။