ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ ငပုတောမြို့နယ်ရှိ စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုခြင်း

သြဂုတ်လ (၁၀) ရက် ၊၂၀၁၉ (ငပုတော)

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ဧရာဝတီတိုင်းဒေသကြီးမှ တိုင်းဒေသကြီး ဦးစီးမှူးဦးနေထက်ရှိန်တို့သည် (၁၀.၈.၂၀၁၉) ရက်နေ့တွင် ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း စက်ဝန်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဖျန်ရေကျော်ကျေးရွာအုပ်စု၊ ဖျန်ရေကျော်ကျေးရွာတွင်  စီမံကိန်းလုပ်ငန်းခွဲ များဖြစ်သည့် ကျေးရွာကွန်ကရစ်လမ်းကိုအတိုင်းအတာ အရှည် ပေ(၅၀၀၀)၊ အကျယ် (၁၀) ပေ၊ ထု (၆) လက်မအား  စီမံကိန်းရန်ပုံငွေကျပ် (၆၇၄၃၅၂၂၀) ဖြင့်လည်းကောင်း၊ ငပုတော-ပုသိမ် ကားလမ်းနှင့်ဆက်သွယ်သည့် ကွန်ကရစ်လမ်းအတိုင်းအတာ အရှည်ပေ( ၁၂၁၃)၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မအား စီမံကိန်းရန်ပုံငွေကျပ် (၂၀၈၁၄၉၇၀) ဖြင့်လည်းကောင်း၊ ကျေးရွာ တွင်းကွန်ကရစ်လမ်း အတိုင်းအတာ အရှည်​ပေ (၂၃၇၀)၊ အကျယ် (၈) ပေ၊ ထု (၆) လက်မအား စီမံကိန်းရန်ပုံငွေကျပ် (၂၅၄၁၁၇၅၀) ဖြင့်လည်းကောင်း အသီးသီးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာတွင် စီမံကိန်း လုပ်ငန်းခွဲများဖြစ်သည့် ကျေးရွာကွန်ကရစ်လမ်းကို အတိုင်းအတာအရှည်ပေ (၄၇၈၅) ပေ၊ အကျယ် (၁၀) ပေ၊ ထု (၆) လက်မအား စီမံကိန်းရန်ပုံငွေကျပ် (၅၄၂၀၈၉၈၀) နှင့် ကျေးရွာ ထည့်ဝင်ငွေကျပ် (၉၈၀၇၆၄၀) ဖြင့်လည်းကောင်း၊ ကျေးရွာတွင်း ကွန်ကရစ်လမ်း အတိုင်း အတာအရှည် ပေ (၁၀၂၅)ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မအား စီမံကိန်း ရန်ပုံငွေကျပ် (၁၅၅၇၇၂၃၀) နှင့် ကျေးရွာမှ ထည့်ဝင်ငွေကျပ် (၅၇၀၀၀၀)ဖြင့် လည်းကောင်း ကျေးရွာတွင်း ကွန်ကရစ်လမ်းအတိုင်းအတာ အရှည် ပေ (၂၄၀၀)၊ အကျယ် (၁၀ )ပေ၊ ထု (၆ ) လက်မအား စီမံကိန်းရန်ပုံငွေကျပ် (၂၁၂၇၂၁၀၀)နှင့် ကျေးရွာမှ ထည့်ဝင်ငွေကျပ် (၇၈၅၂၃၄၀) ဖြင့် လည်းကောင်း၊ ကျေးရွာတွင်းကွန်ကရစ်လမ်း အတိုင်းအတာအရှည်ပေ (၁၃၆၀) ပေ၊ အကျယ် (၁၀) ပေ၊ ထု (၆) လက်မအား စီမံကိန်းရန်ပုံငွေကျပ် (၁၇၃၅၉၆၅၀)နှင့် ကျေးရွာထည့်ဝင် ငွေကျပ် (၁၃၈၅၃၀၀) ဖြင့်လည်းကောင်း အသီးသီးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ ကျေးရွာကော်မတီဝင်များ၊ ဒေသခံပြည်သူ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဆောင်ရွက်ပြီးစီးခဲ့သော စီမံကိန်းလုပ်ငန်းခွဲများ၏ လည်ပတ် ပြုပြင်ထိန်းသိမ်းရေးအစီအမံများမေးမြန်းခြင်းနှင့် လိုအပ်ချက်များအား အပြန်အလှန် ဆွေးနွေး ပြောကြားခဲ့ပါသည်။