ကမ္ဘာ့ဘဏ်မှ အမှုဆောင်ဒါရိုက်တာများ ပျဉ်းမနားမြို့နယ်ရှိစီမံကိန်းကျေးရွာများမှ ကျေးလက်ပြည်သူများနှင့်ကွင်းဆင်းတွေ့ဆုံ

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဦးလှခိုင် (ညွှန်ကြားရေးမှူး) ၊ ဦးကျော်စွာအောင် (ညွန်ကြားရေးမှူး) ၊ ဒေါ်မီမီထွေး(ဒု-ညွှန်ကြားရေးမှူး) နှင့် ကမ္ဘာ့ဘဏ်မှ Mr.Mastura Abdul Karim ( Alternate Executive Director) ၊ Mr. Ingo Wiederhofer ( Member of World Bank Mission ) တို့သည်(၂.၂.၂၀၁၈) ရက်နေ့ ၊ နေ့လည် (၁: ၃၀) အချိန် တွင် ပြည်ထောင်စုနယ်မြေ ၊နေပြည်တော် ပျဉ်းမနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊လူထုဗဟိုပြုစီမံကိန်းရုံး၌ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများ၊မြို့နယ်နည်းပညာအကြံပေးအဖွဲ့ဝင်များ၊လူထုစည်းရုံးရေးမှူးများ၊ လက် ထောက် နည်းပညာမှူးများနှင့်တွေ့ဆုံခဲ့ရာတွင် သက်ဆိုင်ရာဝန်ထမ်းများမှ စီမံကိန်းလုပ်ငန်း များ ပြီးစီမှု အခြေအနေနှင့်အခက်အခဲများ တင်ပြဆွေးနွေးခဲ့ပါသည်။

           ၎င်းနောက်လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်)စက်ဝန်းဆောင်ရွက်ပြီးစီးခဲ့သောလဲလူးအိုင်ကျေးရွာအုပ်စု၊ ရှမ်းစုလေးကျေးရွာ သို့သွားရောက်ပြီး အုပ်ချုပ်ရေးမှူး၊ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ရွာသူရွာသားများနှင့်တွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းများ၏ အောင်မြင်မှုနှင့် အခက်အခဲများများကိုမေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။