ဧရာဝတီတိုင်း​​ဒေသကြီး ကြံခင်​းမြို့နယ်​တွင်​ (၂၅.၅.၂၀၁၈)ရက်​​နေ့​ သက်​ဆိုင်​သူ​ပေါင်​းစုံပါဝင်​​သောသုံးသပ်​​ခြင်​းအစည်​းအ​ဝေးပွဲကျင်​းပ

ကျေးလက်​​ဒေသဖွံ့ဖြိုးတိုတက်​​ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်​​ဖော်​​ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) ကြံခင်းမြို့နယ် MSRအစည်းအဝေးပွဲကို ဧရာဦးခန်းမတွင် နံနက် ၉းဝဝနာရီတွင်စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။ (၄၄၀)ဦးရေခန့် တက်​​ရောက်ခဲ့ပါသည်။ ဧရာဝတီတိုင်ဒေသကြီး၊ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်းမှအဖွင့့်အမှာစကားပြောကြားခဲ့ပါသည်။ကြံခင်းမြို့နယ်ထွေထွေအုပ်ချုပ်​​ရေးမှူး ဦးကျော်​​ကျော်လွင်မှ ဆွေးနွေးပြောခြင်း ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မီမီခိုင်မှစီမံကိန်ဆောင်ရွက်ခဲ့မှုများရှင်းလင်ပြောကြားခြင်း ကြံခင်းမြို့နယ် နည်းပညာအကြံ​​ပေးအဖွဲ့ခေါင်ဆောင်​​ နော်ယုယုဝင်းမှလည်း ဆုရွေးချယ်ခြင်းနှင်ပတ်သက်သည့်များရှင်းလင်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက်​​ရောက်လာသော ​​ကျေးရွာအုပ်ချုပ်​​ရေးမှူးများနှင်​​ကော်မတီဝင်များမှာလည်း အဖွဲ့ငယ်များဖွဲ့ ခေါင်းစဉ်တခုခြင်းအလိုက်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ဆွေးနွေးမှူရလဒ်များအား အဖွဲ့ကိုယ်စားလှယ်များမှ ပြန်လည်တင်ပြမှုများ ပြုလုပ်ခဲ့ကြပြီး တနှစ်တာအတွက်ဆောင်ရွက်မှု အကောင်းဆုံး ကျေးရွာအုပ်စုနှင့်ကျေးရွာများအား အမှတ်တရဆုတံဆိပ်များပေးခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို နေ့လည်(၂း၄၀)အချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။